အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၈)( http://www.myanmar.mmtimes.com )
လော့စ်ဆန်းဂျလိစ် - ၀က်ဝက်ကွဲအောင် လူကြိုက်များလှသည့် ဟောလိ ၀ုဒ်ရုပ်ရှင် "Avatar" သည် ယခင်သီတင်းပတ် တနင်္ဂနွေ နေ့က ကမ္ဘာ တစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံများ၌ ၀င်ငွေ ဒေါ်လာ တစ်ဘီလျံ ကျော်အထိ ရရှိခဲ့ပြီး ရုပ်ရှင်သမိုင်းတွင် အခြားသော ရုပ်ရှင် တကာတို့ထက် ၀င်ငွေပိုမိုမြန်ဆန်ခဲ့သည်ဟု ရုပ်ရှင် လုပ်ငန်း လေ့လာသူများက ဆိုသည်။ အားလပ်ရက် စနေ၊ တနင်္ဂနွေနေ့များ ဆက်တိုက်ရကာ ဈေးကြီးသော သုံးဖက်မြင် ရုပ်ရှင်လက်မှတ်တန်ဖိုးများကြောင့် အဆိုပါ သိပ္ပံရုပ်ရှင်ကား၏ ပြည်တွင်း ရောင်းရငွေစုစုပေါင်းမှာ ဒေါ်လာ ၃၅၂ သန်းရှိပြီး နိုင်ငံတကာတွင်လည်း မယုံနိုင်လောက်အောင်ပင် အံ့မခန်းလိလိ ဒေါ်လာ သန်း ၆၇၀ ရရှိခဲ့သည်ဟု ရုပ်ရှင် လုပ်ငန်း အကဲခတ်ကုမ္ပဏီ Relations မှ ထုတ်ပြန်သော ခန့်မှန်းခြေ ကိန်းဂဏန်း များအရ သိရှိရသည်။
"ဒေါ်လာသန်း ၁,၀၀၀ အမြန်ဆုံး ၀င်ငွေရရှိခဲ့တဲ့ Avatar ရုပ်ရှင်ကားဟာ စုစုပေါင်းဝင်ငွေမှာတော့ Titanic (၁၉၉၇)နဲ့ The Return of the King (၂၀၀၃)တို့ ပြီးတဲ့နောက် တတိယ၀င်ငွေ အများဆုံး ရုပ်ရှင်ကားပဲဖြစ်ပါတယ်" လို့ ရုပ်ရှင်ဝင်ငွေ ဆန်းစစ်လေ့လာသူ Exhibitor Relations မှ ချဒ်ဟာတီဂန် က ဆိုသည်။
Avatar ရုပ်ရှင်ဇာတ်လမ်းမှာ လေဖြတ်ခံထားရသော စစ်ပြန်ကြီး ဂျိတ်ခ် (ဆင်မ်ဝေါ် သင်မ်တန်)ကို ကမ္ဘာမှနေ၍ ပန်ဒိုရာဂြိုဟ်ဆီသို့ အထူးတာဝန်ဖြင့် စေလွှတ်လိုက်သည်။
ဂျိတ်ခ်သည် ထိုဂြိုဟ်ပေါ်တွင် နေတီရီအမည်ရှိ နာဗီဂြိုဟ်သူမျိုးနွယ် ဂြိုဟ်သူမလေး (ဇိုးလ်ဆယ်လ်ဒါနာ) ကို ချစ်ကြိုက်မိခဲ့ သည့်ဇာတ်လမ်း ဖြစ်သည်။
Avatar ရုပ်ရှင်ကို စီစဉ်ညွှန်ကြားရိုက်ကူးခဲ့သည့် ဒါရိုက်တာမှာ ၁၉၉၇ ခုနှစ်က Titanic ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သည့် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် ဖြစ်သည်။
ယခုဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ရာတွင် ထုတ်လုပ်မှုနှောင့်နှေးခြင်းနှင့် အသုံးစရိတ်များ အမြောက်အမြားသုံးခဲ့သဖြင့် ပြင်းပြင်း ထန်ထန် ဝေဖန်ခံခဲ့ရသည်။
သို့ရာတွင် နောက်ဆုံး၌ ၀င်ငွေ အများဆုံးရရှိသည့် ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့ရသည်။
No comments:
Post a Comment