.post a{font-weight:bold; text-decoration:none} .post a:hover{text-decoration:underline}

Pages

Thursday, September 17, 2009

တစ်ခြားအကောင့်ထဲကအချက်လက်တွေကိုကြည့်ချင်/သိချင်တယ်ဆိုရင်...

တစ်ခြားအကောင့်ထဲကအချက်လက်တွေကိုကြည့်ချင်/သိချင်တယ်ဆိုရင်...

.အိမ်သုံးပဲဖြစ်ဖြစ် ရုံးသုံးပဲဖြစ်ဖြစ် ကွန်ပြူတာတစ်လုံးကို မျှဝေသုံးစွဲကြရတဲ့အခါတိုင်း အကောင့်တွေခွဲပြီးသုံးကြပါတယ်...အဲဒီလိုသုံးစွဲကြတဲ့အခါမှာ
user တွေဟာ အကောင့်ကို passwordတွေနဲ့  အသုံးပြူကြရပါတယ်...အလုပ်ကိတ်စနဲ့ပတ်သက်ပြီး ကိုယ်သိချင်တဲ့အချက်လက်တွေ သူ့ အကောင့်ထဲမှာရှိတယ်ဆိုပါစို့ ...သူမရှိလို့ ပဲဖြစ်ဖြစ် မအားလို့ မလာနိုင်တဲ့အခါပဲဖြစ်ဖြစ်သူ့အကောင့်ကိုဝင်ဖို့ လိုအပ်လာပြီဆိုရင်တော့...ဒီနည်းလေးသုံးပြီး လုပ်ကြည့်မယ်ဆိုရင်တော့အဆင်ပြေသွားမှာပါခင်ဗျာ...အကောင့်တွေခွဲပြီးတော့လည်းစမ်းသပ်မှုတွေပြုလုပ်လို့ ရပါတယ်..နည်းလမ်းတွေကအများကြီးပါပဲ...ဒါပေမဲ့
အလွယ်ကူုဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျာ...ကိုယ့်ရဲ့ အကောင့်မှာပဲအောက်ပါအတိုင်းလုပ်ကြည့် လိုက်ပါခင်ဗျာ...
* start-->run တွင် control userpasswords2 ကိုရိုက်ထည့် ပါ..
* User Accounts dialog box ပေါ်လာပါမယ်..
* User for this computer : အောက်ကမိမိချိန်းချင်တဲ့ account ကိုရွေးပါ
*Reset Password ကို click နိုပ်ပါ..
*Reset Password box ပေါ်လာပါမည်
*New password : and Confirm new password : တွင် မိမိပေးလိုသော password ကိုထည့်ပါ..ok ကို နိုပ်ပါ.. user account တွင်လည်း Ok ကိုနိုပ်ပါ..
ဒါဆိုရင် restart ပေးပြီးလို့ စက်ပြန်တက်လာတဲ့အခါ သူရဲ့ အကောင့်မှာစောနကကိုယ်ပြောင်းလဲခဲ့တဲ့password အတိုင်း ရိုက်ထည့်လိုက်၇င် အဆင်ပြေသွားပါပြီ...
မျှဝေမယ်
Reade more >>

Gtalk မှာ မေးချင်တာတွေမေးရအောင်...(View Forever's blog)

သင့်ရဲ့Gtalk မှာ webtoim@gmail.com ကို Add လိုက်ပါ။ auto reply လေးတစ်ခုပါ။ ပြီးတာနဲ့ သင်မေးချင်တာရှိတဲ့ မေးခွန်းလေးတွေကို မေးပေတော့။ (eg. what is the network? , how many people in myanmar?... etc ) သူသိရင် ဖြေလိမ့်မယ်။ မသိရင်လည်း မသိဘူးလို့ပြောပါလိမ့်မယ်။
မျှဝေမယ်
Reade more >>

G-mail (account)ကိုဘယ်လိုဖျက်မလဲ

G-mail (account)ကိုဘယ်လိုဖျက်မလဲ(View Forever's blog)
အလကားရတိုင်း account တွေအများကြီးဖွင့်ပြီး စိတ်ရှုပ်နေတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်
အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ.(သို့).ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်
ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………
-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.
-Delete a Service အောက်က Delete G-mail Service ကို Click ပါ။
ဒီနေရာမှာ Close account and delete all service and info associated with it ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင် ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ
i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။
-Yes ,I want to permanently delete deletemememetoo@gmail.com and remove from my google account ကိုရွေးပါ။
-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။
G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က Google အတွက် သင့်မူပိုင်ပါပဲ။
-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။
-Current Password အောက်က G-mail Password ကိုဝင်ပါ။
-Remove G-mail ကိုရွေးပါ။
-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့ Secondary account မှာ ဖွင့်ကြည့်ပါ။
-Deletion Link ကိုဝင်ပါ။
-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။
OK ပြီနော်…..
မျှဝေမယ်
Reade more >>

ဝိပဿနာအဓိပ္ပါယ်နှင့် ဘာကြောင့်အားထုတ်သင့်သလဲ

ပညတ်နယ်မှာ လောကကြီးသုံးပါးဖြစ်သည်။ သတ္တ၊ သြကာသ၊ သင်္ခါရ လောကတွင် သတ္တ၀ါအားလုံး မှီတင်းနေထိုင်ကြသည်။ ပရမတ်နယ်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်သည် အရှုခံဖြစ်ပြီး နိဗ္ဗာန်က မျက်မှောက်ပြုရမည်ဖြစ်သည်။ ပညတ်နယ်နှင့် ပရမတ်နယ်ကို စပ်ပြီး ရှုမှတ်ရပါသည်။ ရှုမှတ်သည့်အခါ စိတ်၊ စေတသိက်၊ ရုပ်တို့အား ခန္ဓာငါးပါးအဖြစ် ခွဲခြားပြလို့ရသည်။ စိတ်သည် သိမှုသဘော၊ စေတသိက်သည် စိတ်ကို မှီတွယ်ခြယ်လှယ်နေသည်။ စိတ်နှင့်စေတသိက်ပေါင်းလျှင် နာမ်၊ ထို့ကြောင့်

အရှုခံက ရုပ်နှင့်နာမ်၊
ရှုမှတ်ရမည့်နည်းမှာ သတိပဌာန်လေးပါး
ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ မည်သည့်လမ်းနှင့် ကျင့်ကျင့် နိဗ္ဗာန်သို့ မျက်မှောက်ပြုပါသည်။ "သဘာဝ" ဆိုသည့် "မူပိုင်" လက္ခဏာမှာ ကွဲပြားသော်လည်း လမ်းဆုံးလျှင် "သာမည" ဆိုသည့် "ပုံမှန်"လက္ခဏာမှာ အတူတူပင်ဖြစ်သည်။ မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်နေရာတွင် အတူတူပင်ဖြစ်သည်။ ရွှေတိဂုံဘုရား ကို မည်သည့်မုခ်က တက်တက် နောက်ဆုံးရင်ပြင်ကို ရောက်သည့်သဘောပင်ဖြစ်သည်။

ဝိပဿနာအဓိပ္ပါယ်နှင့် ဘာကြောင့်အားထုတ်သင့်သလဲ?

ယနေ့ခေတ်တွင် ၀ိပဿနာ ရှုမှတ်ခြင်းကို ခက်ခဲသည်ဟု ပြောဆိုနေကြခြင်းမှာ လုံးဝမှားယွင်းလှပေသည်။ ပြသသော တရားပြဆရာပုဂ္ဂိုလ်အပေါ်မူ တည်ပြီး တစ်ထိုင်တည်းနှင့်လည်း အပါယ်တံခါးပိတ်နိုင်ပါသည်။ သို့သော် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ရန်မှာ ဆရာကောင်းလိုအပ် သည့်အပြင် မိမိ၏ ပါရမီ၊ အနုအရင့်နှင့် ကြိုးစားမှုအပေါ် မူတည်ပေသည်။ဝိပဿနာ ဆိုရာတွင် "၀ိ"သည် များပြားလှစွာသော သတိပဌာန်လေးပါးတို့ဖြင့် "ပဿနာ"သည် ဉာဏ်ဖြင့် ရုပ်၊ နာမ်တို့အား ရှုမှတ်ခြင်းဟု အဓိပ္ပါယ်ရသည်။ "ဘာဝနာ"ဆိုသည်မှာ တိုးပွားခြင်း၊ ပွားများခြင်းဟု အဓိပ္ပါယ် ရသည်။
ထို့ကြောင့် "၀ိပဿနာဘာဝနာ"မှာ များပြားလှစွာသော သတိပဌာန်လေးပါးတို့ဖြင့် ရုပ်၊ နာမ်တို့အား ဉာဏ်ဖြင့် ရှုမှတ်ပွားများခြင်းဖြစ်သည်။ ၎င်းတွင် ပညတ်နှင့်ပရမတ် ကိုသိရန် လိုအပ်သည်။
အရှုခံခန္ဓာငါးပါးတွင်
ရုပ်ခန္ဓာက ရူပက္ခန္ဓာ (ဖောက်ပြန်)



နာမ်ခန္ဓာလေးပါးကတော့
ဝေဒနာက္ခန္ဓာ (ခံစား)
သညာက္ခန္ဓာ (မှတ်သား)
သင်္ခါရက္ခန္ဓာ (ပြုပြင်)
ဝိညာဏက္ခန္ဓာ (သိမှု)
အားလုံးပေါင်းလျှင် "ရုပ်နှင့်နာမ်" နှစ်ပါးဖြစ်သည်။
အရှုခံသည် ခန္ဓာငါးပါး (ရုပ်နှင့်နာမ်)
ရှုဉာဏ်သည် မဂ္ဂင်ငါးပါး (သမာဓိနှင့်ပညာ)

ထိုသို့ ရှုမှတ်သည့်အခါ အရှုခံ မှန်၊ ရှုဉာဏ်မှန်၊ သတိ က ဗိုလ် (အထွဋ်အထိပ်)၊ နှလုံးသွင်း မှန်လျှင် မိမိတာဝန်ကျေပြီဖြစ်သည်။ သို့သော်အချိန်ကိုတော့ စောင့်ရပါသည်။ အချိန်လည်းရောက်၊ ပါရမီလည်းပြည့်ပြီး သဘောဆိုက်လျှင် မဂ်ဆိုက်၍ဖိုလ်ဝင်စားပြီး "မြတ်နိဗ္ဗာန်"သို့ မျက်မှောက်ပြုပါသည်။ ၀ိပဿနာ ကို အားထုတ်ရသည့်အကြောင်းရင်းမှာ -
(၁) ဘုရားအကြိုက် နှင့် (၂) မိမိအကြိုက်ဘုရားရှင်က ၀ိပဿနာအကျင့် တစ်ခုတည်းနှင့် ပူဇော်ခြင်းကိုသာလျှင် ချီးမွမ်းတော်မူသည်။ ကျန်သောအလုပ်များနှင့် ပူဇော်ခြင်းကို မချီးမွမ်းပါ။
မိမိအကြိုက်ဆိုရာတွင် ရခဲလှသည့် လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ်ဖို့နှင့် သာသနာနဲ့ မီပါသည် ပြောနိုင်ဖို့ ၀ိပဿနာအားထုတ်ရမည်ဖြစ်သည်။ ဒါန၊ သီလ၊ သမထတို့ကို အထွဋ်အထိပ် လုပ်နေပေမယ့် ၀ိပဿနာ မပါလျှင် သာသနာနှင့်မီသည်လို့ ပြောလို့မရပေ။

ဝိပဿနာအားထုတ်ခြင်း အကျိုး(၄)မျိုးမှာ
(၁) ကျန်းမာရေးကောင်းမွန်ခြင်း၊
(၂) အနေတတ်ခြင်း၊
(၃) အသေတတ်ခြင်း၊
(၄) အပါယ်ဘေးက လွတ်ပြီး မဂ် ဖိုလ် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ခြင်း၊
အပါယ်လွတ်ပြီးမှသာ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း ကြောင့်လည်း ၀ိပဿနာ ဘာဝနာ အားထုတ်ဖို့အထူး တိုက်တွန်းလိုက်ရပါသည်။

လက်ကမ်းစာဆောင်တစ်ခုကပါ။
Reade more >>

သင့်ကွန်ပျူတာမှာမရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေ(လက်ဆောင်ပေါ့)

အခုအောက်မှာဖော်ပြမယ့် ဆော့ဝဲလ်တွေကတော့ သင့်ကွန်ပျုတာမှာ မရှိသေးရင် မရှိမဖြစ် လိုအပ်တဲ့ အသုံးများဆော့ဝဲလ်တွေပါ။
သိပြီးသူတွေအတွက်မရည်ရွယ်ပါဘူး။
သိဲပြီးသူတွေလဲ တခါတခါ ပြန်ရှာရခတ်နေတာတွေ ကြုံဖူးကြမှာပါ။
အဲဒီအတွက်လဲ အဆင်ပြေမှာပါ။
အဲဒါတွေကတော့ အောက်မှာပါ။
တချို့ ဟာတွေကတော့ WINDOW VISTA နဲ့ ပြေချင်မှပြေမှာပါ။
1.DOWN MOZILLA FIREFOX CLICK ပါ။
2.WindowsMediaPlayer CLICK ပါ။
3.REALPLAYER CLICK ပါ။
4.QuickTimePlayer CLICK ပါ။
5.Flash Player အောက်မှာ CLICK ပါ။
   install_flash_player.exe
6.Adobe Reader CLICK ပါ။
7.InternetSpeetUP အောက်မှာ CLICK ပါ။
   speedupmypc.exe
8.Google Talk CLICK ပါ။
9.WIN RAR CLICK ပါ။

    အားလုံးအဆင်ပြေကြပါစေ။
http://www.malaysiammbloggers.co.cc/ မှကူးယူမျှဝေပါသည်။
Reade more >>

Friday, September 4, 2009

Website ဆိုတာ ဘာလဲ ?

Website ဆိုတာ ဘာလဲ ?
Website ဆိုတာ နည်းပညာပိုင်းအရ ဖန်တီးတည်ဆောက်ထားတဲ့ Internet ပေါ်က နေရာလေးတစ်ခု ဖြစ်ပါ တယ်။ Web Page တွေ ပေါင်းစပ်စုစည်း ထားတာကို Website လို့ခေါ်ပါတယ်။ Website တွေကိုဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် Internet Connection သာ လိုအပ်ပါတယ်။ ယခုအချိန်မှာ Internet သုံးစွဲသူ အရေ အတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ Website တစ်ခုဟာ ဘာနဲ့တူသလဲ ဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် Show Room တစ်ခုပမာ၊ ကုန်ပစ္စည်း ရောင်းချတဲ့ သူတွေအတွက် ဆိုင် ခန်းတစ်ခုပမာ၊ ဘဏ်လုပ်ငန်းများအတွက် Branch တစ်ခုပမာနှင့် အခြားသော လုပ်ငန်းများအတွက် ရုံးခန်း၊ Reception တစ်ခုပမာ ၂၄နာရီ၊ ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေမှာ ဖြစ်ပါတယ်။


Internet ဆိုတာ ဘာလဲ ?
Internet ဆိုတာဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပျူတာတွေအားလုံးကို နည်းပညာအရ ချိတ်ဆက် ထားခြင်းဖြစ်ပါတယ်။ Internet Connection ရှိတယ် ဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင် Computer ကို ၎င်း Computer တွေနဲ့ ချိတ်ဆက်ထားခြင်းသာဖြစ်ပါတယ်။ Internet Connection သာ ရှိထားပြီဆိုရင် သင် ၀င်ရောက်ကြည့်ရှုချင်တဲ့ Website ရဲ့ Domain Name ဖြင့် ၀င်ရောက်အသုံးပြုနိုင် မှာဖြစ်ပါတယ်။

Domain Name ဆိုတာ ဘာလဲ ?
Domain Name ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ (တစ်နည်းအားဖြင့် Internetပေါ်က) Website တွေရဲ့ ကိုယ်ပိုင် နာမည်လိပ်စာတွေပါ။ တစ်ခုနဲ့တစ်ခု မတူညီရအောင် နည်းပညာပိုင်းအရ ဖန်တီးထားသလို၊ ရှိပြီးသား Domain Name ဖြင့်လည်း Website အသစ်တစ်ခု ဖန်တီးယူလို့မရပါဘူး။ ဥပမာ www.google.com ဖြင့် သင် Website တင်ချင်လို့ မရသလိုပါပဲ။ Google က အပိုင်ဝယ်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်ပိုင် Website အတွက် ကိုယ်ပိုင် Domain Name ဟာ အမှန်တကယ် အရေးပါအရာရောက်လှပါတယ်။

ဘာကြောင့် Website တစ်ခု ရှိထားသင့်သလဲ ?
ဘာကြောင့်လုပ်သင့်သလဲဆိုတော့ စီးပွားရေးရှုထောင့်ကပဲကြည့်ကြည့်၊ နည်းပညာရှုထောင့်ကပဲကြည့်ကြည့် အကျိုးအမြတ်တွေ ရယူနိုင်လို့ပါပဲ။ ကမ္ဘာပေါ်မှာ Internet Website သန်းပေါင်း တစ်ရာကျော်ရှိနေခြင်းဟာ ၎င်းတို့အတွက် သေချာတဲ့အကျိုးအမြတ် တစ်စုံတစ်ရာရှိနေခြင်းကို ဖော်ပြနေ ခြင်းပဲဖြစ်ပါတယ်။ ကိုယ်ပိုင် Website ရှိတဲ့လုပ်ငန်းဟာ မရှိတဲ့ လုပ်ငန်းထက် တစ်ပန်းအသာရတာ အမှန်ပါပဲ။ တကယ်လို့များ သင့်ပြိုင် ဘက်တွေက Website ရှိပြီး သင့်လုပ်ငန်းမှာကျတော့ Website မရှိသေးဘူးဆိုရင် သင်ဘာလုပ် မလဲ။ ဒါဟာ ကိုယ်ပိုင် Website တစ်ခု ဘာကြောင့်ပြုလုပ်သင့်သလဲ ဆိုတာပါပဲ။

ဘာလို့ Internet Website တွေ ခေတ်စားလာရတာလဲ ?
Website တစ်ခုဟာ Customer တွေအတွက် ၀င်ရထွက်ရ လွယ်ကူသလို ကုန်ပစ္စည်းနဲ့ ပတ်သက်တာတွေ၊ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စိတ်လွတ်လက်လွတ် ရှာဖွေကြည့်ရှုနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ သွားရလာရတာမရှိတော့တဲ့အတွက် ကုန်ကျစရိတ် သက်သာတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံရတွေ မရှိ တော့တဲ့အတွက် စိတ်အလိုမကျတာတွေ မရှိတော့ဘူး။ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ရယူနိုင် တယ် (Website ပေါ်မှာရှိတဲ့ သတင်းအချက်အလက်တွေကတော့ တိကျဖို့လိုအပ်ပါတယ်)။
Website တစ်ခုမှာ Information ပြည့်စုံတာနဲ့ Design သေသပ်လှပတာနဲ့ ဘယ်အရာက ပိုအရေးပါလဲ…?သတင်းအချက်အလက် တိကျတာနဲ့ ဒီဇိုင်းအပြင်အဆင်ကောင်းတာ ဘယ်ဟာက ပိုပြီး အရေးပါသလဲဆိုတော့ သတင်းအချက်အလက် တိကျတာက ပိုအရေးပါ အရာရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျအန ပြင်ဆင်ထားပြီး ဆက်ဆံရေးမကောင်းတဲ့၊ အရောင်းအ၀ယ် မလုပ်တတ်တဲ့၊ ဆက်ဆံရေးမပြေပြစ်တဲ့ Show Room၊ ရုံးခန်းတစ်ခုလိုပါပဲ။ အပြင်အဆင်က အရေးပါသလို၊ သတင်းအချက်အလက် တိကျသေချာဖို့ ပိုပြီး တော့ အရေးပါလိုအပ်ပါတယ်။ နှစ်ချက်စလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်ထားနိုင်ဖို့ လိုအပ်ပါတယ်။
သင့် Website ရဲ့ Address ကို သင့် Customer တွေ ဘယ်လိုသိနိုင်မလဲ ?
သင့် Website ရဲ့ Address (Domain Name)ကို Customer တွေသိရှိစေဖို့အတွက် သင့်ရဲ့လိပ်စာကဒ်၊ ဆိုင်းဘုတ်တွေ အပါအ၀င် ကြော်ငြာတွေ၊ လက်ကမ်းစာစောင်တွေ၊ Voucher တွေ၊ ကုန်ပစ္စည်းတွေမှာ ထည့်ထားနိုင်ပါတယ်။ Customer တွေနဲ့ ရင်းနှီးနိုင်သမျှ ရင်းနှီးလာအောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Search Engine တွေမှာ ရှာတွေ့နိုင်အောင် စီစဉ်ထားဖို့ပဲ ဖြစ်ပါတယ်။

သင့် Website ကို ဘယ်လိုဖန်တီးထားသင့်သလဲ ?
သင့်ရဲ့ Website ကို Show Room ဒါမှမဟုတ် ရုံးခန်းလို့ သင်သဘောထားမယ်ဆိုရင် သင့် Website ရဲ့ အပြင်အဆင်၊ နေရာချထားမှုတွေ ဘယ်လောက်အရေးပါသလဲဆိုတာ သင်နားလည်ပါလိမ့်မယ်။ ဒါကြောင့် အရောင်ရွေးချယ်မှုကအစ သတင်းအချက်အလက်တွေ အားလုံးကို စနစ်တကျ အစီအစဉ်ကျနစွာနှင့် မှန်ကန်တိကျစွာ ဖော်ပြပေးထားရမှာဖြစ်ပါတယ်။ Customer တွေ အလွယ်တကူ နားလည်လွယ်အောင် ဖန်တီးထားရမှာဖြစ်ပါတယ်။ ပြင်ပလောကမှာ Show Room၊ ဆိုင်ခန်းတစ်ခု တည်ဆောက်ပြီးသွားရင် ၀န်ထမ်းရေးရာကအစ နေ့စဉ်နှင့်အမျှ ထိန်းသိမ်းပြုပြင်စရာတွေ အများကြီးရှိပေမယ့် Website တစ်ခုမှာတော့ အဲဒီလောက် မလိုအပ်တော့ပါဘူး။ အရေးအကြီးဆုံးတစ်ချက်ကတော့ ပုံမှန် Update လုပ်သွားဖို့ပါပဲ။ သင့် Website အပေါ် Customer တွေက စိတ်ဝင်စားမယ့်အပြင် ယုံကြည်စိတ်ချလာမှာ ဖြစ်ပါတယ်။

Website တစ်ခု ဘယ်လိုတင်လို့ရလဲ? Website တင်တယ်ဆို ဘာလဲ ?
ကိုယ့်ရဲ့ Website ကို ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ Internet User တွေ ကြည့်ရှုနိုင်ဖို့အတွက် Web Server တွေဆီမှာ Host လုပ်ရပါတယ်။ တစ်နည်းအားဖြင့် နေရာယူရပါတယ်။ အဲဒီလိုနေရာယူဖို့အတွက် Web Hosting Service ပေးတဲ့ Company၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ Web Hosting Service ပေးနေတဲ့ အများစုကတော့ Domain Name ၀ယ်ယူတာ (Registration လုပ်တာ)၊ ဒီဇိုင်းချပေးတာ၊ Website ဖန်တီးပေးတာအပါအ၀င် Web Hosting Service ကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးကြပါတယ်။ ဒါကြောင့် ကိုယ်ပိုင် Website တစ်ခု တင်ချင်တယ်၊ လုပ်ချင်တယ်ဆိုရင် နည်းပညာပိုင်းအရ တတ်ကျွမ်းစရာမလိုဘဲ သင့်တင့်မျှတတဲ့ ကုန်ကျစရိတ်နဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မိမိဘက်က လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာက သတင်းအချက်အလက်တွေ မှန်ကန်တိကျဖို့၊ အစီအစဉ်တကျဖြစ်ဖို့နဲ့ ပုံမှန် Up-to-date ဖြစ်နေဖို့ပဲ ဖြစ်ပါတယ်။
Tags:
ဝေမျှမယ်
Reade more >>

သွေးအားနည်းရောဂါ

လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်သည့်လေထဲက အောက်စီဂျင်ကိုသုံးပြီး သွေးကို သန့်အောင် လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်)ဆိုတာမှာ သံဓါတ်ပါတယ်။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘူယျခေါ်နိုင်တယ်။ သွေးစစ်ရင် (Hb) (ဟီမိုဂလိုဘင်)နည်းနေသည်လို့ အဖြေထွက်မယ်။ (ဟီမိုဂလိုဘင်)ဟာ ပုံမှန်အားဖြင့် ကလေးများမှာ ၁၁ မှ ၁၂၊ အမျိုးသမီးများမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားမျာမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တမျိုးမကရှိတယ်။ ခဏတာသွေးအားနည်းခြင်းနဲ့ နာတာရှည်သွေးအားနည်းခြင်း၊ နဲနဲဆိုးခြင်းနဲ့ များများဆိုးခြင်း ဆိုပြီးရှိတယ်။
အသားအရေဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်းလွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူမ၀ဖြစ်တာ၊ ရင်ပတ်နာတာ၊ ခေါင်းမူးတာ၊ ခြေလက်အေးစက်တာ၊ ခေါင်းကိုက်တာ၊ ဒီလက္ခဏာတွေ ရှိနေရင် သွေးအားနည်းနေပြီလို့ သိနိုင်တယ်။
အစားအစာထဲမှာပါတဲ့ သံဓါတ်အပြင် အခြားဓါတ်တွေနဲ့ ပရိုတင်းတွေကို သုံးပြီး (ရိုးတွင်းခြင်ဆီ)က သွေးနီဥကို ထုတ်ပေးတယ်။ ဒါ့ကြောင့် အစားအစာထဲမှာ ဒီဓါတ်တွေနဲသူများ၊ ဒဏ်ရာ၊ ရောဂါတွေကြောင့် သွေးထွက်၊ သွေးယို၊ သွေးဆင်းသူများဟာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။
လစဉ် ရာသီသွေးဆင်းနေရတာကိုက သွေးအားနဲစေတယ်။ နောက်ပြီး ကိုယ်ဝန်ရှိရင်၊ မစားနိုင်လို့-မစားတတ်လို့ အာဟာရနဲသူတွေ၊ အစားအစာရွေးလွန်းသူ၊ အရက် ကြာကြာသောက်သူတွေ၊ Celiac Disease နဲ့ Crohn's Syndrome ဆိုတဲ့အူရောဂါတွေရှိရင်၊ အူကိုအရှည်ကြီး ဖြတ်ပြစ်ရသူ၊ နာတာရှည် ကျောက်ကပ်၊ အသဲ၊ ကင်ဆာရောဂါတွေရှိရင်၊ ဓါတုအဆိပ်မိသူတွေဟာ သွေးအားနည်းရောဂါဖြစ်စေနိုင်တယ်။ အေအိုင်ဒီအက်စ်၊ (ရူမတွိုက်) အဆစ်နာရောဂါ တို့ကြောင့်လည်း သွေးအားနည်းနိုင်ပါသေးတယ်။
အများဆုံးကတော့ သံဓါတ်နဲ သွေးအားနည်းရောဂါဖြစ်တယ်။ Iron deficiency anemia ဖြစ်ရင် သံဓါတ်ပါတဲ့ အစားအစာတွေ ရွေးစားရပါမယ်။ အစားအမျိုးအစားတွေကို ချင့်ချိန်နိုင်အောင် သံဓါတ်ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသဲ (၇၀)၊ ပဲပုတ် (၅၀)၊ တခြားပဲ (၂၀-၂၅)၊ တိုဖူး (၂၀)၊ ဟင်းနုနွယ် (၂၀)၊ အမဲသား (၁၀-၂၀)၊ ကြက်အသား (၆)၊ ပေါင်မုံ့ (၆)၊ ၀က်သား (၄)။
သွေးအားကောင်းဘို့ စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အလွယ်တကူ ၀ယ်ရပါတယ်။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီးတယောက်ကို သံဓါတ်ပါ စားဆေး (၃)လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာပေးရ-သောက်ရမှာမို့ ဈေးချိုတာရှာဝယ်ပါ။ သွေးအားကောင်းစေတဲ့ဆေးတွေကို ဆေးကုမ္ပဏီတွေက အမျိုးမျိုးထုတ်တယ်။ Iron တမျိုးထဲ၊ Iron နဲ့ Folic acid တွဲ၊ Vitamin B, C ပါ ရောထားတာလဲရှိတယ်။ (အရင်က ဗမာပြည်မှာ ဖြူရာမင် ဘီစီ)။ Ferrous fumarate ဟာ Ferrous sulphate, Ferrous gluconate တို့ထက်သာတယ်။ သံဓါတ်ဆိုတော့ သံချေးနံ့ရလို တချို့က မကြိုက်ဘူး။ အပေါ်က သကြားအုပ်ဆေး ထုတ်တယ်။ ဆေးမမြိုတတ်သူတွေအတွက် ဆေးအရည်ထုတ်တယ်။ တချို့ကြ သံဓါတ်က ၀မ်းချုပ်တတ်လို့ ၀မ်းလွယ်အောင် အစားအစာကို သေခြာရွေးစားသင့်တယ်။ သင်္ဘောသီး၊ မန်ကျီးမှည့် ဖျော်ရည်၊ ကန်ဇွန်းရွက်၊ မြန်မာဘယဆေးများကလည်း အသုံးဝင်လှပါတယ်။
သံဓါတ်ထိုးဆေးဆိုတာ Imferon Iron Dextran Injection ညိုမဲမဲခပ်ပြစ်ပြစ်ဖြစ်တယ်။ ဆေးထိုးရင် ဂရုစိုက် ထိုးပေးရတယ်။ လူနာကို အိပ်လျက်နေစေပြီး၊ တင်ပါး အသားထူထူနေရာမှာ ခပ်နက်နက် ၄၅ ဒီဂရီစောင်းထိုးပြီး ဆေးထိုးအပ်ကို လမ်းကြောင်းပြောင်း နုတ်ယူရတယ်။ ဆေးထိုအပ်က သိပ်မကျဉ်းရ-မတိုရဘူး။ ဆေးထိုးပြီး မချေရဘူး။ အမဲကွက်ဖြစ်နေမှာစိုးလို့။ Drip ပုလင်းထဲ ဆေးထည့်သွင်းတာလဲ လုပ်နိုင်တယ်။ ဆေးမထိုးခင် ဆေးတည့်-မတည့်လဲ စမ်းရပါမယ်။ တချို့က မတည့်ဘူး။
သံဓါတ်အပြင် (ဖေါလစ်အက်စစ်) Folic acid ခေါ် Folate ခေါ် Vitamin B 9 နဲတဲ့ သွေးအားနည်းရောဂါဆိုတာရှိတယ်။ သာမန်အချိန်မှာ 400 mcg နို့တိုက်နေရင် 500 mcg ကိုယ်ဝန်ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။ Folic acid ပါတဲ့ အစားအစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ်မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင်စတဲ့ အသီးအရွက်စိမ်းများ၊ အစေ့အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသဲ-အမြစ်၊ နံနက်စာအဖြစ် စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း-ပြောင်းဖူးထွက် အစာများ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ်တယ်။ Folic acid ဟာ Spina bifida နဲ့ Anencephaly ခေါ် မွေးရာပါ ဦးနှောက်-အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ပါသေးတယ်။
နောက်တမျိုးက ဗီတာမင် ဘီ-၁၂ နဲတဲ့သွေးအားနဲရောဂါပါ။ တနေ့ကို 7 mcg လိုအပ်ပါတယ်။ နဲနေရင် Injection Vitamin 12 ထိုးပေးရမယ်။ များသောအားဖြင့် ထိုးဆေးက ပန်းရောင် ဖြစ်တယ်။ ရာသက်ပန်ထိုးပေးရမှာလဲရှိတယ်။ B-12 ဟာ သွေးအတွက်သာမက အာရုံကြောအတွက်လည်း အသုံးဝင်တယ်။ ဗီတာမင် ဘီ ၁၂ များတဲ့ အစားအစာတွေကတော့ ခရု၊ အသဲ၊ ကောက်နှံများ (မနက်စာအဖြစ်စားတဲ့အစာတွေ)၊ ငါး၊ အမဲသား၊ (ရောဂတ်) ဒိန်ချင်၊ နွားနို့၊ ဥ၊ ကြက်သားတို့ ဖြစ်တယ်။
ဆရာဝန်ပေါက်စတွေကို ၀ါရင့်တွေက သင်ပေးသလို လူနာတွေက ဆရာဝန်ကို သင်ပေးတာလဲရှိတယ်။ ဆေးထိုးတဲ့အခါ ဗီတာမင်ဘီအုပ်စုကို ထိုးရင် နာတယ်။ ဘီ ၁၂ ကို ထိုးရင် မနာဘူး။ တချို့လူနာက ဆေးထိုးတာ မနာမှ ဒီဆရာဝန် လက်ကောင်းတယ်လို့ သတ်မှတ်သလို၊ တချို့ကြ ဆေးက နာလဲမနာဘူး၊ စွမ်းပုံမရဘူးလို့ ပြောသူလဲရှိတယ်။ ဒါ့ကြောင့် (ဂျီပီ)ကောင်းချင်ရင် လူနာ့အထာသိဘို့လိုတယ်။
လူတယောက်မှာ အစဉ်အမြဲ သွေးနီဥ စုစုပေါင်း ၂့၅ ထွီလီယန် ရှိနေတယ်။ စက္ကန့်တိုင်း သွေးနီဥအသစ်ပေါင်း ၁့၅ မီလီယန် ကို ရိုးတွင်းခြင်ဆီက ထုတ်ပေးနေပါတယ်။
Bone marrow (ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့်တူတဲ့ Leukemia (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင် သွေးသွင်းပေးရတယ်။ bone marrow transplant ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရတယ်။ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေဖြစ်လို့ ၀တ္ထုတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်လိုက်ကို ဒီရောဂါရှိတယ်လုပ်ပြီး သေခိုင်းတတ်တယ် မဟုတ်လား။
အချို့ဆေးဝါးတွေကြောင့်ဖြစ်ရတဲ့ Hemolytic anemia ဆိုရင် ပေးနေတဲ့ဆေးဝါးတွေကို ဆန်းစစ်ပြီး ရပ်သင့်ရင် ရပ်ပစ်ရမယ်။ (စတီရွိုက်)ဆေး လိုချင်လိုပါမယ်။ Spleen ခေါ် (ဘေလုံး)ထုတ်ချင် ထုတ်ပေးရမယ်။
Autoimmune disorders ခေါ် ကိုယ့်ကိုယ်ကိုပျက်စီးစေတဲ့ခံနိုင်ရည်စနစ်ကြောင့်ဖြစ်ရတာဆိုရင် Immune-suppressing medications ဆေးတွေပေးရတယ်။
Sickle cell anemia, Thalassemia, Diamond Blackfan anemia, Fanconi anemia တို့ကတော့ မျိုးလိုက် ရိုးလိုက် ဖြစ်တယ်။ Sickle cell anemia လူနာအတွက် အောက်စီဂျင်ပေးဘို့ လိုနိုင်တယ်။
အိပ်ပေါက်နဲ့ ဖါးကောက်သလိုမဖြစ်အောင် သွေးအားနဲတာဟာ သွေးဆင်း-သွေးထွက်များနေလို့ဖြစ်ရင် အကြောင်းရင်းကိုလည်း ကုသပေးရပါမယ်။ လိပ်ခေါင်းကသွေးယိုတာ၊ ရာသီဆင်းများတာ၊ သွားဖုံး-နှာခေါင်းက သွေးယိုတာတွေပြောတာပါ။ အစာလမ်းကနေ မသိမသာ သွေးယိုဖန်များပြီး၊ ရက်တွေ၊ လတွေကြာမှ သွေးအား အလွန် နည်းနေတာမျိုး ဖြစ်တတ်တယ်။ ၀မ်းသွားတဲ့အထဲပါတဲ့သွေးကို မျက်စိနဲ့မမြင်နိုင်လို့ ၀မ်းစစ်မှတွေ့နိုင်တယ်။ ငှက်ဖျားကြောင့် သွေးအားနဲသူတွေ မနဲမနောရှိတယ်။
သွေးအားနည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်။ အားအင်ကုန်ခမ်း မောပမ်းလွယ်မယ်၊ နှလုံးက ပိုပြီးခုန်ရလို့ arrhythmia နှလုံးခုန်မမှန်ရောဂါ ဖြစ်လာနိုင်တယ်။ congestive heart failure နှလုံးအရွယ်ကြီးလာနိုင်တယ်။ သွေးဖိအားကျပြီး အသက်ဆုံးသွားနိုင်တယ်။
Anemia သွေးအားနဲတာနဲ့ Blood Pressure (ပရက်ရှာ)နဲတာ မတူတာကို ခွဲသိထားစေချင်တယ်။ ခုချက်ချင်းကြီး သွေးယို-သွေးဆင်းသူကို သွေးဖိအားခေါ်တဲ့ (ပရက်ရှာ) တိုင်းရင်တော့ နဲနေတာကို တွေ့ရမယ်။ ရက်ကြာကြာ သွေးအား နဲနေသူကို (ပရက်ရှာ) တိုင်းရင် ပုံမှန်ဖြစ်နေမယ်။ ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနဲနေနိုင်တယ်။ ဘာ့လို့လဲဆိုတော့ သွေးဖိအားဆိုတာ သွေးထုထည်နဲ့ဆိုင်တာ။ လူတိုင်း သွေးထုတည် ၅ လီတာအမြဲရှိနေတာ။ ရက်ရှည် သွေးအားနဲသူတွေလဲ ၅ လီတာပေမဲ့ သွေးကကျဲနေလို့ ရေရောထားတဲ့ဆေးတို့၊ အရက်တို့လို အာနိသင်နဲနေရတယ်။ ဒါ့ကြောင့် ကာလရှည်ကြာ သွေးအားနဲနေသူကို သွေးမသွင်းဘဲ၊ တခြား D5, NS, DNS, RL သွင်းဆေးတွေ သွင်းပေးတာ အကြောင်းမထူးဘူး။ ဆီးပိုသွားတာဘဲရှိမယ်။
Blood Transfusion သွေးသွင်းကုသခြင်းဟာ အရေးပေါ်နဲ့ ဆိုးဝါးတဲ့သွေးအားနည်းရောဂါတွေအတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥဆိုတာ ရက် ၉၀-၁၂၀ သာ အသက်ရှည်ပြီး အသစ်ထပ်ထပ်ဖြစ်နေကြတာ။ ဒါ့ကြောင့် သွေးလှူရှင်တဦးဟာ ရက် ၁၂၀ ဒါမှမဟုတ် ၄ လတခါ (သွေးလှူဘဏ်ကလက်ခံရင်) စိတ်ချလက်ချ လှူနိုင်ပါတယ်။
http://dts-medicaleducation.blogspot.com/
ရင်းနှီးမှူ့နှင့်
ရောင်နီ၀၇
Tags: ကျန်းမာရေး
မျှဝေမယ်
Reade more >>

ဆိုက်များစုံတယ်နော်

1. www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
2.www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
3.www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
4.www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
5.www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
6.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
7.www.myanmar-music.com(သီချင်းလေးတွေပါပဲ)
8.www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
9.www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
10.www.shwedream.com(vcd လေးတွေကြည့်မယ်)
11.www.burmeseclassic.com(ဓမ္မသီချင်းများ)
12.www.shweclassic.com (ဓမ္မသီချင်းများ)
13.www.royal-myanmar.com (ဒါလည်းစုံတယ်နော်)
14.www.yinkhonthanfm.com
15.www.popularmyanmar.com (ပေါ်ပြူလာဂျာနယ်လေးနော်)
16.www.myanmarpyithar.com
17.www.first-11.com
18.www.weeklyeleven.com (eleven ဂျာနယ်စုံ)
19.www.snapshop.com(လျှပ်တစ်ပြက်ဂျာနယ်)
20.www.myanmar.com(ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
21.www.mrtv3.net.mm(ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
22.www.myanmarinternetjournal.com(အင်တာနက်ဂျာနယ်ဖတ်ရအောင်)
23.www.soccermyanmar.com(ဘောလုံးသတင်း တွေအစုံပါတယ်)
24.www.livescore.com(ဘောလုံးပွဲစဉ်တွေကြည့်မယ်)
25.www.asianbookie.com(ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
26.www.perfectmagazineonline.com(အောင်မြင်မဂ္ဂဇင်းလေးနော်)
27.www.studying-singapore.com(ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
28.www.csstb.gov.mm(၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
29.csstb.imis.com.mm(နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့ ကြေငြာချက်တွေကြည့်မယ်)
30.www.unjobs.org(NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
31.www.thanzinhlaing.com
32.www.naykabyar.com
33.www.journalopportunity.com ( အလုပ်တွေ ရှာ မယ်နော်)
34.www.iburmese.com
35.www.mymyanmar.net
36.www.myanmar.mmtimes.com (မြန်မာတိုင်းစ် ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
37.www.etrademyanmar.com
38.www.myanmarelibrary.com(အင်္ဂလိပ်-မြန်မာအဘိဓာန်)
39.www.mandalaygazette.com
40.www.shopping.com.mm
41.www.healthymyanmar.com
42.www.jivitahospital.org(ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
43.www.myanmarbible.net
44.www.myanmargoal.com
45.www.myanmarhotjob.com(ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
46.www.myanmarscholarship.com
47.www.myanmarmyanmar.com
48.www.bobo.6te.net (ကလေးများ အတွက် ဘိုဘိုရဲ့ လောကနက်ဂိမ်းနဲ့ ကာတွန်း)
49.www.myanmarmedicine.com(ဆေးပညာ အကြောင်းဖတ်ချင်ရင်)
50.www.hird.hypermart.net
51.www.serenapowers.com
52.www.most.gov.mm(နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
53.www.ucsy.edu.mm (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
54.www.bagan.net.mm(မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
55.www.foreverspace.com.mm
56.www.redmyanmar.net
57.www.thanlwin.com
58.www.myanmartraining.com(နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
59. www.mysuboo.com(ဒါကတော့ စုဗူးလေးနော်)
60.www.mmthingyan.com(မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
61.www.ainmat.com(ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်)
62.www.yinkhonthanfm.com(FM သီချင်းလေးတွေနားထောင်ရအောင်နော်)
63.www.myanmarelottery.com(အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
64.www.myanmarspace.com(ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
65.www.mysteryzillion.com(နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
66.www.myanmaritpros.com (နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
67. www.dhamadarna.net ( ဓမ္မဒါန )
68.www.myanmarengineer.org ( မြန်မာ အင်ဂျင်နီယာများအသင်း )
69. www.phatpa.com (ဖတ်ပါ့ သတင်းဂျာနယ် )
70.www.ourmandalay.net (ကျွန်ုတို့ ရဲ့ မန္တလေး )
71. www.myanmarchatonline.org (online သတင်းလေးတွေ )
72. www.problemclean.ning.com( နည်းပညာလေးတွေဆွေးနွေးရအောင် )
73.www.wikimyanmar.org ( မြန်မာ အွန်လိုင်း စွယ်စုံကျမ်း )
74.www.minnkyansis.com ( မင်းကျန်စစ်ရဲ့ ရသကမ္ဘာ )
http://www.nyakabyar.com/ ဒါလဲသီးချင်းဆိုက်ပါပဲ။ ကျနော်သူငယ်ချင်းအတွက်နော်။
http://www.khayanpyareinmet.com/
http://www.myanmarmp3.net/ ဒါလေးကလည်းအတူတူပါပဲနော်။ သီးချင်းပါပဲ။
http://www.myanmar-music.com/ ဒါကတော့မြန်မာသီးချင်းဆိုက်လေးပါပဲ။
www.shwedream.com
http://www.freemyanmarvcd.com/
http://myanmarbloggers.co.nr/
www.technical-seven.com/forum
http://forums.nativemyanmar.net/
http://www.myitzuri.com/
http://www.lotaya.com/
www.ayinepan.com/music/mp3.php
http://english4success.blogspot.com/
http://www.mysuboo.com/
http://www.myanmarelibrary.com/
http://livescore.com/ ဒါလေးကလည်းဘောလုံးဆိုက်တွေပါပဲ။
http://mmopenlibrary.com/
http://en.wikipedia.org/wiki/main_Page
http://www.moemaka.com/
http://shwesagar.com/
http://www.mutdfan.com/ ဒါကတော့ဘောလ်လုံးဆိုက်လေ။
http://kopyaesone.co.cc/
ဒါလေးကလည်းကျနော်တို့ကိုပြည့်စုံရဲ့ဆိုက်လေးပါပဲ။ ကောင်းတယ်နော်။
ဒီကတော့အမြဲတမ်းဝင်ကြည့်ဖြစ်တယ်နော်။ ကြည့်ကြပါ။ သူလည်းသီချင်းဆိုက်ပါပဲ။
သူများကိုဒုက္ခပေးချင်သူများကြည့်လို့ရတယ်နော်။

အမြဲတမ်းကိုဇေ e-book တွေရယူတဲ့နေရာပေါ့။
http://www.searchmyanmar.com/ ဒီဆိုက်ကလဲကောင်းတယ်နော်။ အသုံးများကတော့ link

ပုံစံလုပ်ပေးထားတယ်နော်။
http://en.wordpress.com/
http://www.aungsan.com/ ဒါကတော့ဗိုလ်ချုပ်ဆိုက်လေ။
http://www.friendsdaygroup.ning.com/
http://www.friendsdaygroup.multiply.com/
http://www.coolmp.com/ ဒီဆိုက်များကတော့ gmail. မှာဖတ်လို့မရရင်ဖတ်လို့ရတယ်နော်။
http://www.photayokeking.org/
http://www.cmsmdy.blogspot.com/ ဒီဆိုက်လဲကောင်းတာပဲနော်။
အကောင်းတွေပဲဆိုတော့ဘယ်ဆိုက်ကြည့်ရမှန်းမ သိဖြစ်နေအုံးမယ်နော်။
http://www.mizzimaburmese.com/

http://komoethee.blogspot.com
ဒါကတော့ ကိုရီးယာမင်းသားမင်းသမီးများရဲ့ဆိုက်တွေပါ။
http://www.hancinema.com/ (or) net
http://www.hanfever.con/
http://lee-junki.com/ ဒါကတော့ကိုရီးယားစတားလီဂျွန်ကီလေဆိုက်လေ။
http://yeinjee.com/ ဒါလဲကောင်းတာပဲနော်။
ဒါကတော့ www.thefreesite.com ဆိုက်ပေါ့နော်။ အကုန်လုံး free ရတယ်ပြောတာပဲနော်။
ဒီ www.bazanlin-wordpress.com ဆိုက်ကတော့ဗိုလ်ချုပ်နဲ့ပါတ်သက်တယ်ဗျ။
သူ့အကြောင်းလေးပါပဲနော်။
ဒီ www.myochitmyanmar.org ဆိုက်ကတော့နိုင်ငံရေးဆန်တယ်ဗျ။
ကြည့်ချင်လည်းကြည့်ပေါ့နော်။
ဒီ http://www.ramonnya.co.cc ဆိုက်ကတော့မွန်အကြောင်းထင်တာပဲနော်။ ယူထားလိုက်။

အောက်ကဆိုက်တွေကတော့ကောင်းတယ်ဗျ။
http://www.wiki-mysteryzillion.org/
http://www.edu-mysteryzillion.org/ ဒီဆိုက်ကတော့နည်းပညာအခမဲ့သင်တယ်ပြောတာပဲနော်။
http://www.mmopenxteam.com/ ဒီဆိုက်ကတော့ဘာသာပြန်တွေများပါတယ်နော်။
http://www.mmenglish.net/ ဒီဆိုက်ကတော့အင်္ဂလိပ်စာသင်ကြားရေးပါ။
ကိုဇေတို့ကတော့အမြဲတမ်းကြည့်ပါတယ်။
http://www.ornagai.com/ ဒါကတော့အဘိဓာန်တွေဝေငှပေးတယ်နော်။ အကုန်လုံးပေါ့။
http://www.dems.net.mm/
ဒီဆိုက်ကတော့ကိုယ့်စာရောက်မရောက်ကြည့်လို့ရတယ်ပြောတယ်နော်။ code
နံပါတ်နဲ့ကြည့်လေ။ အမြန်ချောစာမှကြည့်လို့ရတာနော်။
http://www.myanmartraining.com/ ဒါလဲကောင်းတာပဲ။
ဒီ www.myanmaritpros.com ဆိုက်ကတော့ကွန်ပျူတာအကြောင်းဆွေးနွေးချက်တွေပါနော်။
သူများကိုဒုက္ခပေးချင်သူများကြည့်လို့ရတယ်နော်။
ဒီ www.en.worpress.com ဆိုက်လည်းကောင်းပါတယ်။
ဒီ www.photoro.com ဆိုက်လည်းဓာတ်ပုံကောင်းတယ်ပြောတယ်နော်။
ဟိုကိုရီးယားကား ဒိုးဒိုးဒေါက်2ဘုနှင့်ဘောက်
ဆိုလားဇာတ်ကားကမင်းသမီးကိုအဲဒီကရတာ။
ဒီ www.hankyung.com ဒါလဲကောင်းပါတယ်။
ခုကိုဇေဆီမှာ mp3,mp4 တွေအများကြီးမို့လိုချင်တဲ့သူများ။
နောက်အင်္ဂလိပ်သီးချင်းတွေ။ e-book တွေရှိတယ်နော်။
ယူချင်ရင်ဆက်သွယ်လိုက်ပါ။ uni.kozay@gmail.com ဆီကိုလေ။ တာ့တာ
နောက်တွေ့လာတဲ့ဆိုက်လေးတွေပါ။

မြန်မာအိုင်တီနှင့်ပါတ်သက်မယ်ထင်တဲ့ဆိုက်လေးတွေပါ။ ဟုတ်လည်းဟုတ်ပါတယ်။

Myanmar IT Blogs
http://kyawnux.blogspot.com/
ttp://linsanle.blogspot.com
http://azure-phoeniz.blogspot.com/
http://tahkharka.blogspot.com/
http://platonicloveaugust4.blogspot.com/
http://soehtet.blogspot.com/
http://khaingzaw.blogspot.com/
http://natshinnaung.blogspot.com/
http://www.rhythmless.isgreat.org/
http://www.peacefulforever.co.cc/
http://nyameeeain.blogspot.com/
http://kyawthetlatt.blogspot.com/
http://shwepyithu.blogspot.com/
http://www.winzaw-mdy.blogspot.com/
http://phoelapyae.isgreat.org/
http://www.mgtaryar.iblogger.org/
http://www.koyinnyein.blogspot.com/
http://aungmyohan.myanmarbloggers.org/
http://thuratun.22web.net/
http://noway.mmeyes.net/
http://zawlay.mmeyes.net/
http://kokyawmyintoo.blogspot.com/
http://zawthureintun.googlepages.com/ ဆိုက်လည်းကောင်းတာပဲနော်။

အိုင်တ်ီမန်းကိုတည်ထောင်သူလေ။
http://nnyioo.googlepages.com/ ဆိုက်လည်းကောင်းတာပဲနော်။



ဒေါက်တာခိုင်မျိုးဆိုက်ထဲကရထားတဲ့ဆိုက်လေးတွေပါ။
မြန်မာဘလော့ဒ်တွေကိုဝင်ရေးနေတဲ့အစ်ကိုကြီးတွေ/ဆရာတွေပါ။ ယူထားလိုက်။
http://www.yanaung.blogspot.com/
http://www.soehtet.blogspot.com/
http://www.drlunswe.blogspot.com/
http://dhammaratha.blogspot.com/
http://http/titsartayar.0fees.net
http://www.dhammaweb.net/
http://wesheme.blogspot.com/
http://nnyilynnseck.blogspot.com/
http://emotionalcorner.lanolay.com/
http://drkyaingmyo.myanmarbloggers.org/
http:///www.mybloglog.com
http://www.funcygens.com/
http://samerss.myanmarcalender.com/
Reade more >>

ခွက်ပဲ့လေး တစ်လုံး

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။


မြန်မာလိုဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင်

ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မဖတ်ဖူးတာလေးကို

ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား လိုက်ပါတယ်။



အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို

ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။



လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ

အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့

ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။

ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ

အဟာရမရှိတဲ့အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။



ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ

သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ

အဘွားအိုရဲ့နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို

ဆေးကျောမပေးခဲ့ဘူး။



"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို

ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"



အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။ "ကလေးက

ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို အိမ်ပေါ်

တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက

ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ

ဘာအသစ်လဲနေစရာ လိုလို့လဲ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင်

ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့

ချွေးမရဲ့စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က

စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ်။



အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက

မကြည့်ချင်ပေမယ့်ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး

အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။

အမေ့မျက်နှာ အရိပ်အကဲနဲ့ ရှင်သန်နေရသူဖြစ်တယ်။ ပန်းကန်ဆေးပြီး

အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ်

ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "ဘွားဘွား ..

မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။



"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။

ထမင်းတစ်လုပ်စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။

မြေးမေမေ တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ"

မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ

ရောနေတယ်။ "ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း"

ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။

ကုတင်ပေါ် အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက်

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။

ကုတင်ပေါ်လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။



အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက

မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ

လုပ်တဲ့သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ

ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း

ကျေပွန်ခဲ့ပါတယ်။ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို

အလျော့ပေးချင်တယ်။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။



မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို

ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့

မိသားတစ်စုထဲကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး

အဘွားအိုရဲ့ မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့

ချွေးမရဲ့ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ

တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက

အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ

အထီးကျန်စွာ ရှင်သန်ခဲ့ရတယ်။



အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက

လွဲရင်နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော်

ရှိနေခဲ့ပါပြီ။



စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ



နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။

ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင်

အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့

ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ

အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား

နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်

ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။

အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ

သားဝင်လာခဲ့တယ်။



ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့

အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း

သားအတွက်အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။



"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ

ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း

သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ"

လို့ တောင်းဆိုလိုက်တယ်။



"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ

သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"



အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။



နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန



သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။



"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား"

လို့ မြေးအကြီးက တောင်းဆိုတယ်။



"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက

မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို

လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။



"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့်

ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။

သားတို့ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို

အဘွားအို ခေါင်းညိတ်မိလိုက်တယ်။



ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက

တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ

ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့...

ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး

အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို

အော်ဟစ်လိုက်တယ်။



"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"



ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို

လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့

အသံကပိုကျယ်လောင် နေပါတယ်။



"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည

ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"



အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို

လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့"

ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို

အသံမြင့် လှည့်ပြောလိုက်တယ်။



"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က

အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင်

နောင်နောက်မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့

ထည့်ကျွေးရမလဲ?"



သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ

ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ

ထသွားခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို

မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း

ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့

နွေးထွေးလာခဲ့ပါတယ်။





From Fwd: mail...............Thank you very much for reading this blog .............. ^_^

Tags:





မျှဝေမယ်
Reade more >>
Reade more >>